ကိုမောင်လှကို ကျေးဇူးတင်ပါသည်...
ကိုမောင်လှကို ဘာလို့ ကျေးဇူးတင်တာလဲဆိုတော့ ကျွန်တော်ဘလောဂ့်ရေးတာကို စိတ်ဝင်စားပြီး ဘလောဂ့်ကို ဘယ်လိုရေးရ မလဲလို့လိုက်ပြီးလေ့လာ ကြည့်တဲ့အခါ ကိုမောင်လှရဲ့ဒိုင်ယာရီ ဆိုတဲ့ ဘလောဂ့်ကို သွားတွေ့မိတယ်။ အဲဒီထဲကို ၀င်ဖတ်ကြည့်တော့ ဘလောဂ်ရေးနည်းလေးကို သွားတွေ့ရာ ကစပြီး လုပ်ကြည့်တဲ့အခါ နည်းနည်းအဆင်ပြေလာတယ် ဆိုပါတော့။ ဘလောဂ့်ကို ဘာကြောင့် စိတ်ဝင် စားလဲဆိုတော့ လွတ်လွတ်လပ်လပ်ရေးလို့ရလို့ပါ။ ကိုမောင်လှဟာ ကျွန်တော့်ရဲ့ အွန်လိုင်း ပေါ်ကဆရာဆိုလဲ ဟုတ်ပါတယ်။ မန္တလေးသားအချင်းချင်းမို့ ဂုဏ်တင်တာ မဟုတ်ရပါဘူးဗျာ :P ကျွန်တော်လဲ မန္တလေးသားပါပဲ။ ကိုမောင်လှကို လူချင်းမမြင်ဘူး မသိဘူးပေမဲ့ တကယ်ကျေးဇူးတင်ပါတယ်....