အိမ်မက်များနှင့် ကျွန်တော်
လူတိုင်းလူတိုင်းမှာ အိပ်မက်ဆိုတာရှိကြတာပါ။ ကိုယ့်ဘ၀ရဲ့ဦးတည်ချက် ရည်မှန်းချက်တွေဆိုတာ မရှိတဲ့လူမရှိပါဘူး။ ကျွန်တော်လဲရှိတာပါပဲ... ဘာအိပ်မက်တွေလဲဟုတ်လား ... ကျွန်တော် သတင်းဂျာနယ် တစ်စောင်လောက် ထုတ်ချင်တာပါပဲ။ ဟုတ်တယ် .. ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဒါပဲ။ လက်ရှိအချိန်မှာ ကျွန်တော့ရဲ့အလုပ်နဲ့ ကိုယ်ဖြစ်ချင်တာ တစ်ခြားစီဖြစ်နေတယ်လေ။ ခင်ဗျားတို့ရော ဘ၀မှာ ဘာဖြစ်ချင်တာလဲ... လက်ရှိရော ဘာတွေဖြစ်နေလဲ။ ဒါကိုပဲ လောကရဲ့ နိယာမလို့ ပြောကြတာလား။ ကျွန်တော်တော့ မယုံပါဘူး ကိုယ်ကြိုးစားရင် ဖြစ်ရမှာပဲလေ။ ဟုတ်တယ်မလား။ တစ်ချိန်ချိန်တော့ ကျွန်တော်ဖြစ်ခြင်တဲ့ဟာတွေ ဖြစ်လာရမှာပါ။ ခင်ဗျားတို့လဲ ဖြစ်ကြပါစေလို့ .....
Tuesday, January 29, 2008
ကိုမောင်လှကို ကျေးဇူးတင်ပါသည်...
ကိုမောင်လှကို ကျေးဇူးတင်ပါသည်...
ကိုမောင်လှကို ဘာလို့ ကျေးဇူးတင်တာလဲဆိုတော့ ကျွန်တော်ဘလောဂ့်ရေးတာကို စိတ်ဝင်စားပြီး ဘလောဂ့်ကို ဘယ်လိုရေးရ မလဲလို့လိုက်ပြီးလေ့လာ ကြည့်တဲ့အခါ ကိုမောင်လှရဲ့ဒိုင်ယာရီ ဆိုတဲ့ ဘလောဂ့်ကို သွားတွေ့မိတယ်။ အဲဒီထဲကို ၀င်ဖတ်ကြည့်တော့ ဘလောဂ်ရေးနည်းလေးကို သွားတွေ့ရာ ကစပြီး လုပ်ကြည့်တဲ့အခါ နည်းနည်းအဆင်ပြေလာတယ် ဆိုပါတော့။ ဘလောဂ့်ကို ဘာကြောင့် စိတ်ဝင် စားလဲဆိုတော့ လွတ်လွတ်လပ်လပ်ရေးလို့ရလို့ပါ။ ကိုမောင်လှဟာ ကျွန်တော့်ရဲ့ အွန်လိုင်း ပေါ်ကဆရာဆိုလဲ ဟုတ်ပါတယ်။ မန္တလေးသားအချင်းချင်းမို့ ဂုဏ်တင်တာ မဟုတ်ရပါဘူးဗျာ :P ကျွန်တော်လဲ မန္တလေးသားပါပဲ။ ကိုမောင်လှကို လူချင်းမမြင်ဘူး မသိဘူးပေမဲ့ တကယ်ကျေးဇူးတင်ပါတယ်....